အလုပ်ခေါ်တယ်လို့ကြားကတည်းက ကျောင်းပြီးတဲ့လူငယ်တွေ အလုပ်
လျှောက်ဖို့နယ်တကာ ကနေလာကြရပါတယ်…မျှော်လင့်ချက်ကိုယ်စီနဲ့
လမ်းစရိတ်တောင်တချို့ချေးငှားလာကြတာပါတယ်။စားစရိတ်၊တည်းခို
စရိတ်နဲ့ဆိုရင် ၄-၅ သောင်းကုန်ကြရတယ်လေ…
အင်တာဗျူးမှာဖြေဖို့စာတွေပြန်ကျက်ရနဲ့ အလုပ်တော်တော်ရှုပ်ကုန်ကျတယ်
ရင်ခုန် စွာနဲ့အင်တာဗျူးတွေဖြေ မျှော်လင့်ချက်အပြည့်နဲ့အောင်စာရင်းကို
စောင့်…….နောက်ဆုံးတော့ကိုယ့်နာမည်ပါမလာ…ဒီလို နဲ့တခါလှည့်ပြန်ခဲ့
ရပါ ပြီ အိမ်ကပါလာတဲ့ပိုက်ဆံကလေးလည်း ပလုံ ခဲ့ပြန်ပြီပေါ့
နောက်တခါ ဘယ်အလုပ်ခေါ်မလဲလို့စောင့်ရင်း အရင်အလုပ်လိုဘဲ
ပလုံ..ပလုံ..ပလုံ
နဲ့ အသက်တွေကြီး အိမ်ထောင်တွေကျရင်းရရာလုပ်ကျ
ရတဲ့ကလေးတွေကိုကြည့်ရင်းနဲ့နောင်အလုပ်လျှောက်မယ့်လူငယ်များစဉ်းစားစေနိုင်ရန်ရည်ရွယ်ပြီးရေးလိုက်ပါတယ်။
၁။
အလုပ်ခန့်သူနဲ့ ရင်းနှီးမှုရှိ/မရှိ (အမျိုးတော်ပါကပိုကောင်း)
၂။ဆွေကြီး
မျိုးကြီး ရှိ/မရှိ ( ရှိပါက အမျိုးအဆက်အသွယ်နဲ့လိုက်)
၃။အာဏာပါဝါ
အသိုင်းအ၀ိုင်း ရှိ/မရှိ (ရှိရင်/ပိုသေချာ)
၎။
ပိုက်ဆံပေးပြီး ပွဲစားနဲ့လိုက်(သတိ/လိမ်ခံရတတ်တယ်)။
ဒီအချက်တွေကိုယ့်မှာမရှိရင်တော့ဘယ်အလုပ်မှ
ယောင်ရမ်းပြီးအလုပ်
မလျှောက်ဖို့
စေတနာအပြည့်နဲ့အကြံပေးလိုက်ပါရစေ ……ခင်ဗျား
ယနေ့အလုပ်လျှောက်သောပညာတတ်လူငယ်ကလေးများလှည့်စား
ခြင်းမှကင်းဝေးပါစေ။
ကြားကောင်းမြင်ကောင်းအောင်လုပ်နေသော စားဖားကြီးများဘေးမှ
ကင်းလွတ်နိုင်ကြပါစေ။
အကြံအဖန်သမားများရဲ့သားကောင်ဘ၀မှ လွတ်မြောက်နိုင်ကြပါစေ…….
တိုးတိုးတိတ်တိတ် ကိုယ့်လူကိုယ် အလုပ်ပေးတဲ့စနစ်ကြီးကို
သဘောပေါက်ကြပါစေလို့ ပြောလိုက်ပါတယ်………
No comments:
Post a Comment